Bladder Cancer (ဆီးအိမ် ကင်ဆာ)
26-Oct-2016
ဆီးခုံနေရာတွင် ရှိသော ပူဖောင်း ကဲ့သို့ ကျုံ့နိုင်ဆန့်နိုင်ပြီး ဆီးများကိုသိုလှောင်ထားနိုင်သော ကလီစာဖြစ်သည်။
ဆီးအိမ်ကင်ဆာဖြစ်လျှင် ဆီးအိမ်၏ အတွင်းနံရံဆဲလ်များမှ စ၍ ဖြစ်ပေါ်လာနိုင်သည်။ မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်နိုင်သော်လည်း အများအားဖြင့် အသက်ကြီးသောသူများတွင်ပို၍ အဖြစ်များသည်။ ဆီးအိမ်ကင်ဆာဖြစ်သောသူများတွင် ရောဂါကို စောစီးစွာသိနိုင်ပြီး ကုသ၍ ရသော ကင်ဆာလည်းဖြစ်သည်။
လက္ခဏာများ
- ဆီးထဲတွင်သွေးပါခြင်း
- ဆီးမကြာခဏသွားခြင်း
- ဆီးသွားလျှင် နာကျင်ခြင်း
- ခါးနာခြင်း
- တင်ပါးဆုံနာခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
ဆီးအိမ်ကင်ဆာဖြစ်ပွာစေသည့် အဓိက အကြောင်းအရင်းတိတိကျကျမရှိသော်လည်း ဆီးအိမ်နံရံတွင်ရှိသော ဆဲလ်များပုံမမှန်ပွားခြင်းကိုဖြစ်ပေါ်စေသည့် ဆေးလိပ်သောက်ခြင်း၊ ကပ်ပါးကောင်ရောဂါပိုးဝင်ခြင်း၊ ဓာတ်ရောင်ခြည်ထိခြင်း၊ ဓာတုပစ္စည်းများနှင့် ထိတွေ့သောကြောင့်ဖြစ်သည်။
အမျိုးအစားများ- Transitional cell carcinoma
Squamous cell carcinoma
Adenocarcinoma
ဖြစ်နိုင်ချေများသူများ
- ဆေးလိပ်သောက်ခြင်း
- အသက်ကြီးခြင်း
- အသားဖြူသူများ
- အမျိုးသားများ
- ဓာတုပစ္စည်းများနှင့်ထိတွေ့နေရသူများ
- ယခင် ကင်ဆာဆေးသွင်းဖူးသူများ
- မိဘမျိုးရိုးထဲတွင် ကင်ဆာရှိသူများ
- ဆီးချိုဆေးသောက်နေသူများ။ ဥပမာ- Pioglitazone , metformin
- ဆီးအိမ်မကြာခဏရောင်သူများ။ ဥပမာ- ကြာရှည်စွာ ဆီးပိုက်ထည့် ပြီးနောက်ရောင်ရမ်းခြင်း
စစ်ဆေးမှုများ
Cystoscopy- ဆီးအိမ်ကြည့်မှန်ပြောင်းဖြင့်ကြည့်ခြင်း
Biopsy- အသားစယူ၍ စစ်ဆေးခြင်း
Urine cytology - ဆီးစစ်ခြင်း
Imaging test- ပုံဖော်နည်းများဖြင့်စစ်ဆေးခြင်း။ ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။
ဆီးအိမ်ကင်ဆာ အဆင့် သိစေရန် - အထက်ပါနည်းများဖြင့် ကင်ဆာဖြစ်မှန်းသေချာပြီဆိုပါက အဆင့်သိစေရန် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ အရိုးဓာတ်မှန်ရိုက်ခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း။
ဆီးအိမ်ကင်ဆာအဆင့်ဆင့်
အဆင့် ၁- ဆီးအိမ်ကင်ဆာနံရံအတွင်းသားတွင်သာဖြစ်ခြင်း၊
အဆင့် ၂- အတွင်းသားတွင်သာမက ဆီးအိမ်ကြွက်သားများတွင်ပါ ဖြစ်ခြင်း
အဆင့် ၃- ဆီးအိမ်၏ ဘေးနားပတ်ဝန်းကျင် ကလီစာများပါဖြစ်ခြင်း
အဆင့် ၄- ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ပျံ့ခြင်း
ကုသခြင်း
Surgery - ခွဲစိတ်ကုသခြင်း
Chemotherapy- ဆေးသွင်းကုသခြင်း
Radiotherapy- ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်း
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
